ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒုတိယအကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်း ပြုလုပ်
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး(သွားနှင့်ခံတွင်း)ဦးဆောင်သောအဖွဲ့မှ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းက (ဒုတိယ)အကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်း အစီအစဉ်ပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။