ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ (၃၈)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကျင်းပ

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီး၏ (၃၈)ကြိမ်မြောက် ကျင်းပပြုလုပ်အပ်သော "သာသနာလင်္ကာရအကျော် စာမေးပွဲကို ဒီဇင်ဘာလ (၁၅) ရက်နေ့မှစတင်၍ ပဲခူးမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည်။

တောင်ငူမြို့၌ E-cigarette and Vape များ ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ E- cigarette and Vape (စီးကရက်အတု) များရောင်းချမှုမရှိစေရေးစစ်ဆေးခြင်း၊ သတိပေးခြင်းနှင့် အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်းများတွင် ကလေးတီဘီရောဂါအကြောင်း အသိပညာပေးခြင်းနှင့် စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကလေးငယ်များ ကလေးတီဘီရောဂါကင်းရှင်းရေးအတွက် အခြေခံပညာကျောင်းများတွင် ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ စတင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မ(၂) အလယ်တန်းကျောင်းခွဲနှင့် စာရေးလမ်းကျောင်းမူလတန်းလွန်တို့တွင် ကလေးတီဘီရောဂါအကြောင်း အသိပညာပေးစစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၏စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။

သာယာဝတီမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ(ဆီထွက်သီးနှံ)စိုက်ပျိုးရာသီ၌ လျာထားစိုက်ဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးရှေးရှုပြီး ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာစိုက်ဧက(၃၂၉၂)ဧက၊ မြေပဲ(၁၂၈)ဧကနှင့် နှမ်း(၃၂)ဧကစိုက်ပျိုးပြီးစီးပြီး လျာထားဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သနပ်ပင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

မင်းလှမြို့နယ်၌ E-cigarette and Vape ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ဆေးဝါးနှင့် အစားအသောက်ကွက်ကဲကြီးကြပ်ရေးကော်မတီက E-cigarette and Vape များရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့်အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်း၏ စိုက်ပျိုးရေးကဏ္ဍ ဆီထွက်သီးနှံနေကြာစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်း၏ ဆောင်းရာသီစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆီထွက်သီးနှံဆောင်းနေကြာအား ဒီဇင်ဘာပထမအပတ်မှစတင်စိုက်ပျိုးခဲ့ရာ ဧက(၂၀)ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။

ရေတာရှည်မြို့နယ်အတွင်း၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရေတာရှည်၊ ဆွာ၊ သာဂရနှင့် မြို့လှမြို့တို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ တာဝန်ရှိသူများက ယမန်နေ့နေ့လယ် ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ၃၁၄၇၃ ဧကလျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဧက ၃၁၄၇၃ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းအပြီး မြေအစိုဓာတ်ရှိနေချိန်တွင် ဆောင်းသီးနှံများကို အချိန်မီစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး