ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီက  မြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပြည်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများအဖွဲ့တို့ပူးပေါင်း၍ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူခြင်း‌ကို ဒီဇင်ဘာလ ၁၇ ရက်၊ ယမန်နေ့နံနက်ပိုင်းက ခေတ္တရာမြို့သစ်ရပ်ကွက်(၁၁)လမ်းထိပ်ရှိ ပြည်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ဆောင်ရွက်ခဲ့ကြသည်။

သာယာဝတီမြို့နယ်၌ ဆောင်းပဲတီစိမ်းသီးနှံ လျာထားဧကထက် ကျော်လွန်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံစိုက် ဧက(၃၆၀၇)စိုက်ပျိုးရန်လျာထားခဲ့ရာ (၃၉၂၁)ဧကစိုက်ပျိုးခဲ့သဖြင့် လျာထားဧကထက်(၃၁၄)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းဝါနှင့်နေကြာများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးထားသော မိုးနှောင်းဝါနှင့်နေကြာများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျေးရွာများသို့ ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၏ ကျေးလက်ဒေသအောက်‌ခြေထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလျှင် ထိ‌ရောက်စွာကုသမှုပေးခြင်း စသည့်ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ထွဋ်မြတ် RHC ၊ လေးလံ SC နှင့် ပိုးစာကုန်းဘုန်းတော်ကြီးကျောင်းတို့၌ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ စည်ပင်သာယာရေးစျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးနှင့် ရွှေတည်စျေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသကာဇာတ်တိုက် လေ့ကျင့်ကြသည်။

ပေါင်းတည်၌ မတ်ပဲနှင့် ဆောင်းသီးနှံပဲမျိုးစုံ ဧကပေါင်း ၆၁၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအလယ်အထိ မတ်ပဲနှင့် ပဲမျိုးစုံ ဧကစုစုပေါင်း ၆၁၇၆၁ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရသည်။

ဝေါမြို့နယ်၊ အောက်ဝိုင်းပါတ်ကျေးရွာ အ-လ-က(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အောက်ဝိုင်းပါတ်ကျောင်း၌ ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကြိမ်၊ ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကြိမ်၊ ဝါး အခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။         

ဝေါမြို့နယ်၊‌ အထက်ဝိုင်းပါတ်ကျေးရွာ အ.လ.ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း အထက်ဝိုင်းပါတ်ကျောင်း၌ ကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး