ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်စေရန်၊ အင်္ဂလိပ်စကားလုံးဝေါဟာရများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade -9 နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ စာဖြေဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေပြီး ယနေ့ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုနေကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါများ ရာနှုန်းပြည့်နီးပါးဆွတ်ခူးသိမ်းဆည်းပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်တွင် ယခုနှစ်မိုးနှောင်းရာသီစိုက် ချည်မျှင်ရှည်ဝါသီးနှံများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ဝါကောက် (သို့) ဆွတ်ခူးလျက်ရှိရာ ယခုအခါရာနှုန်းပြည့်နီးပါးသိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။

ညောင်လေးပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ ဒုတိယနေ့ (အင်္ဂလိပ်စာ) ဘာသာရပ်အား ယနေ့နံနက် (၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade-5 နှင့် Grade -9 ကျောင်းသား/ကျောင်းသူများက ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) Grade-5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲစတင်ဖြေဆိုသည်။

သာယာဝတီမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ သွားရောက်ငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသူ/ကျောင်းသားများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အခြေခံပညာဉီးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 အတန်း နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းကို ရွှေတောင်မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဖြေဆို

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး