ပဲခူးတိုင်းဒေသကြီး

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာပန်းချီရေးဆွဲနည်း သင်တန်းအခမဲ့ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာပန်းချီရေးဆွဲနည်းသင်တန်းကို မတ် ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

သာယာဝတီမြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ နွေနှမ်းဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၃၀) (က) မဟင်ကျေးရွာနေ တောင်သူ ဦးသန်းလွင်၏ လယ်ယာမြေတွင် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ နွေနှမ်းဆင်းရတနာ ၁၄ နှမ်းမျိုးအား ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဖြင့် ကွင်းသရုပ်ပြသခြင်းကို မတ် ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ယမန်နေ့က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

(၈၀) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၈၀) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ပျက်ကွက်မရှိ ဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို မတ်လ ၁၈ ရက်နေ့ နံနက် (၉) နာရီက အ.ထ.က (ကျောက်တံခါး) စာစစ်ဌာန၊ အ.ထ.က (ပဲနွယ်ကုန်း) စာစစ်ဌာနနှင့် အ.ထ.က (ဖဒို) စာစစ်ဌာနတို့တွင် ကျောင်းသား/ ကျောင်းသူများ ပျက်ကွက်မရှိဘဲ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ) နေ့ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယ) နေ့ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကျောက်တံခါးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ပြည်သူ့စာကြည့်တိုက်သို့ သုတရသစာအုပ်စာစောင်များ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည်။

နတ်တလင်းမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ အားကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် ကလေးအလုပ်သမား‌လျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်၊ အ-ထ-က (တပ်နယ်) ကျောင်းတွင် အားကစားသင်တန်းတက်ရောက်နေကြသော ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား‌လျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး