ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်၌ နွေစပါး ၂၇၂၅ ဧက လျာထားစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ နတ်မှော်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေများကို ဇန်နဝါရီလမှစတင်၍ စိုက်ပျိုးမြေများသို့စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၅ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့နံနက် ၈ နာရီ အချိန်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၂/၂၀၂၅ ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက(၁၃၂)တင်း ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အသရော်ကျေးရွာအုပ်စု၊ ရဲ+မြ လုပ်ငန်းစုမှ ဦးရဲဒင်၏ နွေစပါးဆင်းသုခ စပါးမျိုးဧက ၃၀ စိုက်ခင်းတွင် ယမန်နေ့က စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့​သည်။

ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရွှေကျင်မြို့‌ပေါ်ရှိ ညောင်ဝိုင်းရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မိုးလုံလေလုံအားကစားခန်းမနှင့် ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

သဲကုန်းမြို့နယ်၌ အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဆင်းပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့တွင် ရွှေကျင်မူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်စည်ပင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပခဲ့သည်။

နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး (YMBA)အသင်းမှ ကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ပဲခူးတိုင်းဒေသကြီး)မှကြီးမှူး၍ ယမန်နေ့က ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

ပြည်မြို့၌ "သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက" ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရိုးရာအားကစားနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကကြီးမှူးကျင်းပသည့် "သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက" ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် မြို့နယ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး