ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ ဒေသတွင်းမွေးမြူရေးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဒေသတွင်းမွေးမြူရေးကဏ္ဍထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်ရေးကော်မတီနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်းကြိုးပမ်းလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များချီးမြှင့်ပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့က တိုင်းဒေသကြီးအတွင်းတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များချီးမြှင့်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

သဲကုန်းမြို့နယ်တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်၊ စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမတရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် ကျင်းပ​ပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက်၌ မြေငလျင်ဘေးသင့် ပြည်သူများအတွက် အခြေခံစား သောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြေငလျင်ဘေးသင့် ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၄) ရပ်ကွက် အောင်မြန်မာလမ်းနှင့် တပင်ရွှေထီးလမ်း၌ ရွေ့လျားစနစ်ဖြင့် ဈေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်၌ ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီးက ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာခိုင်ဆွေဆွေညွန့်ဦးဆောင်သော ဆရာဝန်ကြီးနှင့်ဆေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ (၂၃) ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေး ကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား လည်ချောင်းကွဲ ရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဧပြီလ ၂၂ ရက်နေ့နံနက်ပိုင်းက နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ ဆင်ကုန်တိုင်ကျေးရွာတွင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်တံခါးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

ပဲခူးခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူးခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက  ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 
Subscribe to ပဲခူးတိုင်းဒေသကြီး