ပဲခူးတိုင်းဒေသကြီး

ပြည်တက္ကသိုလ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ဩဂုတ်လ ၁၆ ရက်နေ့က ပြည်မြို့နယ်၏   ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ‌ဆောင်ရွက်ရာ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့်ပါမောက္ခ (ဌာနမှူး)များ၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများတက်ရောက်ကြသည်။

ပေါင်းတည်၌ အခြေခံပညာအထက်တန်းကျောင်းဆောင်သစ်ဆောက်လုပ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)အတွက် အာရ်စီ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးလျက်ရှိသည်။

သာယာဝတီမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရာနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာ​​ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ကျင်းပခဲ့ကြသည်။

ကြို့ပင်ကောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆာဖိုးသာစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျွန်းကုန်းကြီးကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားတောင်သူ ဦးအုန်းသော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ဩဂုတ်လ ၁၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် စာသင်ကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ မိုးစပါး ၇၃၅၁၄ ဧက စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် စုစုပေါင်း ၇၃၅၁၄ ဧက စိုက်ပျိုးထားလျက်ရှိပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

ရေတာရှည်မြို့နယ်၌ မြန်မာအီလစ်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲပေးနည်း လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြန်မာအီလစ်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲပေးနည်းလက်တွေ့သရုပ်ပြ မဲပေးခြင်းကို ယနေ့နံနက် (၁၁) နာရီက မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်း၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား (ဧပြီ၊ မေ၊ ဇွန်) လတို့အတွက် တစ်ဦးလျှင် ၆၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်၌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက်နေ့က ပြည်မြို့နယ်၌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် အောင်နိုင်တိုးမိုစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ရက် ၁၂၀ အောင်နိုင်တိုးမိုးစပါးစိုက်ခင်း မြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး