ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ ပြည်သူလူထုနှင့်ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါကာကွယ်နိုင်‌ရေးအတွက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌‌ရေးကော်မတီမှစီမံကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်‌သောပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရွှေတည်(၂)ရပ်ကွက်အတွင်းရှိနေအိမ်များနှင့် စာသင်ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီကအ.မ.က(မူလွန်)ဘူတာပိုင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်၊ အ.လ.က(ကြို့ကုန်း)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.လ.က(ကြို့ကုန်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆု​ပေးပွဲနှင့် ဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာရေးလမ်း အ.လ.က (ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအားဖိတ်ခေါ်၍ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆု​ပေးပွဲနှင့်ဟောပြောပွဲကို သြဂုတ်လ(၁၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း(လွန်) သူကောင်းဖြစ် စာသင်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်း(လွန်) သူကောင်းဖြစ် စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

ကျောက်တံခါးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည့်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်းဖွင့်ပွဲ ကျင်းပ

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့်ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည့်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၅)ကိုတိုင်းဒေသကြီးအသီးသီး၌ အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၆ ရက်နေ့နံနက်ပိုင်းကစတင်ကာ ​ဖြူးမြို့ပေါ် မြို့မ(၁)၊ မြို့မ(၂) အ.လ.က (ခွဲ)ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီက အ.မ.က(မူလွန်)စဉ်အိုးဘိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်၌ အ-ထ-က(မြို့မ)၏  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောင်းဘောလုံးကွင်းတွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး