ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲကျင်းပ

၂၀၂၅ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အုန်းသုံးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲအခမ်းအနားနှင့် သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းများတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစို‌ပြေ‌ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မိုးညိုမြို့ပေါ်ရှိ ဇောတိကရပ်ကွက်အတွင်း ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ်၌ ခပေါင်းရေလှောင်တမံနှင့် ပတ်သက်သည့်  မိုးရာသီသဘာဝဘေးဆိုင်ရာ အရေးပေါ်ကြိုတင်စီမံဆောင်ရွက်ထားရှိမှု(EPP)ရှင်းလင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခပေါင်းရေလှောင်တမံနှင့် ပတ်သက်သည့် မိုးရာသီသဘာဝဘေးဆိုင်ရာ အရေးပေါ်ကြိုတင်စီမံဆောင်ရွက်ထားရှိမှု(EPP)ရှင်းလင်းပွဲကို ဇွန်လ ၅ ရက်နေ့နံနက်၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သီရိရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့နယ်၌ မိုးစပါးနှင့် ဝါသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးနှင့် ဝါသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအတွက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့၊ တာဂွလမ်းဆုံအနီးရှိ (သမာဓိ) မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်းအရောင်းဆိုင်၌ ကျင်းပခဲ့သည်။

ပဲခူးမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ပေါင်းတည်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဘိုးဘွားရိပ်သာဘိုးဘွားများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းကပေါင်းတည် ဘိုးဘွားရိပ်သာဘိုးဘွားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးကြသည်။

ဝန်းသိုမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များမရှိစေရေး စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် ယနေ့ နံနက် ၈ နာရီအချိန်၌ အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို) ကျောင်းရှေ့လမ်းမကြီးတွင်စောင့်ဆိုင်း၍ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးတစ်လျှောက် ကျေးရွာများသို့ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလိုက်လံနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၊ကမ်းပြိုကျေးရွာ၊ဘိုကုန်းကျေးရွာ၊ရွာသစ်ကျေးရွာ၊စံရွေးကျေးရွာအုပ်စု၊စံရွေးကျေးရွာ၊မာလကာကုန်းကျေးရွာ၊ညောင်သာယာကျေးရွာ၊အရှေ့လက်ပံခုန်၊အနောက်လက်ပံခုန်၊အိပ်လဟာကျေးရွာများအတွင်းရှိ မြစ်မခမြစ်ရေဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဆောင် ရွက်ခဲ့သည်။

ကဝမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ဇွန်လ ၄ ရက်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင်ဆောင်ရွက်ခဲ့သည်။

ကဝမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲအခမ်းအနားဖွင့်ပွဲကို ဇွန်လ ၄ ရက်နေ့နံနက်(၉)နာရီက ကဝမြို့နယ်၊ စက်ကျောင်း၊ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး