ပဲခူးတိုင်းဒေသကြီး

နတ်တလင်းမြို့၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက် ၉ နာရီက အ.မ.က ရွာသာကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က(လွန်)နွယ်ခွေကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကွက်သစ်ရပ်ကွက်၊ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့​သည်။

ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ပြည်မြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများအဖွဲ့က ပြည်မြို့နယ်ဘန့်ပြင်ကျေးရွာအုပ်စုမှ ပြည်သူ များအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်းကို ဇွန်လ ၈ ရက်နေ့က ကွင်းဆင်း ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးစပါး ၄၆၇၅၇ ဧက လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်မိုးစပါးစိုက်ပျိုးရန် ၄၆၇၅၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုလ ဇွန်လဆန်းမှစတင်၍ မိုးစပါးများစိုက်ပျိုးရန် တောင်သူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဥ်များ လက်ဝယ်ထားရှိ စီးနင်းသွားလာမှု ရှိ/ မရှိ တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဥ်များ လက်ဝယ်ထားရှိ စီးနင်းမောင်းနှင်သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီအချိန်မှစတင်ကာ မြို့ဝင်မြို့ထွက်နှင့် လမ်းဆုံလမ်းခွများတွင် မြန်မာနိူင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့ပြလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် စစ်ဆေးဆောင်ရွက်ကြသည်။

ပဲခူးမြို့စာဖြေဌာန၌ ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ဖူးမြော်ကြည်ညို

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဇွန်လ(၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့စာဖြေဌာန၊ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး စာမေးပွဲ ကြီးကြပ်နာယကဆရာတော်ကြီးများအား  သာသနာရေးဆိုင်ရများ လျှောက်ထားကာ နဝကမ္မအလှူငွေနှင့် အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရေတာရှည်မြို့နယ်၌ မိုးစပါး မိုးသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲနည်း အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ မိုးစပါး မိုးသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲနည်း အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သပြေကုန်းကျေးရွာ အုပ်စုထန်းကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး