ပဲခူးတိုင်းဒေသကြီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးဆန်းအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက် လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် (၃၉)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာ စာဖြေအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် ရဟန်း၊ သာမဏေအရှင်သူမြတ်များအား ဆုချီးမြှင့်ပူဇော်မည့် (၃၉)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာစေတီတော်ရင်ပြင် မဟာသန္တာဝါသဓမ္မဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  စတီးသံပန်းသံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီးသံပန်း သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  မိုးစပါးရာသီတွင် မိုးစပါးဧက(၈၂၆၁၀) စိုက်ပျိုးရန် လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်ရည်ရွယ်၍ မိုးစပါး  (၈၂၆၁၀)ဧက စိုက်ပျိုးသွားရန် လျာထားကြောင်းသိရသည်။

ပန်းတောင်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ​ ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉:၀၀)အချိန်က အ.မ.က(လွန်)ငါးမျက်နှာကျောင်းနှင့် အ.မ.က(လွန်)တောင်ဘွေကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင် အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေး/ခုန်/ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား ကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေး/ခုန်/ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား ကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အားကစားခန်းမ၌ကျင်းပခဲ့သည်။

နတ်တလင်းမြို့၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်​နေ့နံနက် ၉ နာရီက အ.မ.က သဲကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က မြို့လှမြို့အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ အလှကုန်ဆိုင်များ၊ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ဦးဆောင်၍ အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့မစျေးအတွင်းနှင့် စျေးပြင်ပတွင်ရောင်းချလျက်ရှိသော အလှကုန်ဆိုင်များ၊ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး