ညောင်လေးပင်မြို့၌ ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား
- Read more about ညောင်လေးပင်မြို့၌ ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့မ (၁) ရပ်ကွက်၊ မင်းလမ်း၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ညောင်လေးပင်မြို့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးအောက် မြေညီထပ်တွင် ဒေါ်နီနီလှိုင်၊ အသက် (၅၃) နှစ်၊ (အဘ) ဦးရှန်လှိုင်၊ တရုတ်/ဗုဒ္ဓ ညောင်လေးပင်မြို့နေသူပိုင်ဆိုင်သည့် " King " မုန့်တိုက်ဆိုင်၌ ယနေ့နံနက် (၇) နာရီ ၁၀ မိနစ်အချိန်က ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။