ပဲခူးတိုင်းဒေသကြီး

ပေါင်းတည် မျိုးသန့်ခြံ၌တောင်သူများလေ့လာနိုင်ရန် အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးထား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) မျိုးသန့်ခြံ၌ တောင်သူများအတွက် သက်လတ်စပါးမျိုးများ အထွက်နှုန်းယှဉ်ပြိုင် စမ်းသပ်ကွက်များ စိုက်ပျိုးထားကြကြောင်း သိရသည်။

ဝါမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများများကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အရှေ့ဘက်ကမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(ဝေါအရှေ့) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက်သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက်သရုပ်ပြသခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက်(၉)နာရီအချိန်က ညောင်ခြေထောက်မြို့၊ မဇ္ဇိမာရုံကျောင်းတိုက်နှင့် မွန်းလွဲ(၁)နာရီအချိန်က ကျွဲပွဲမြို့ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်ကျောင်းများချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌမှ ကြီးမှူး၍ ဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးကောင်းမွန်ပြီး လေ့ကျင့်မှုပြည့်ဝကာ ပြိုင်ပွဲအတွေ့အကြုံများ၊ နည်းစနစ်ကောင်းများနှင့်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဒေသတွင်းမှ ပြည်သူများ ဘောလုံးအားကစားကို စိတ်ပါဝင်စားသူ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာ၊ မိုးစပါးစံကွက် ၇ ဧကတွင် ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဖြူးပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ ကညွတ်ကွင်းမြို့နေ ပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် စက်တင်ဘာလ ၂၀ နံနက် (၈) နာရီမှ စတင်ကာ ကညွတ်ကွင်းတိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့် ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ကုသိုလ်ဖြစ်ဆေးရုံ၌ စနေနေ့တိုင်း ကုသိုလ်ဖြစ်ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကုသိုလ်ဖြစ်ဆေးရုံ၌ အပြင်လူနာများအား စနေနေ့တိုင်း ကုသိုလ်ဖြစ် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည်။

ရေတာရှည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ဆီကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ စားသုံးဆီကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အသိပညာပေးခြင်း ဟောပြောပွဲနှင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အသိပညာပေးခြင်း ဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး