ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ် ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိသည်။

ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုအား ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးအတွက်(အခမဲ့)စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးအတွက်(အခမဲ့) စောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်(၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်မှ ညနေ(၄:၀၀)အချိန်ထိ အခမဲ့ ဆေးကုသပေးလျက်ရှိပြီး ယမန်နေ့နံနက်(၉:၃၀)အချိန်တွင်လည်း(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်ကျောင်းသား/သူလေးများ ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇွန်လ ၂၂ ရက်နေ့နံနက်ပိုင်းက စာရေးဆရာဒေါက်တာတင်ထွန်းဦး၏"ဖိစီးမှုရှင်း သောကကင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဥ်ပင်စင်ထုတ်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြသည်။

ပေါင်းတည်၌ အလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုပေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၉ ရက်က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် လူမူဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား တော်ဝင်နဂါး ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က လာရောက်ဝန်ဆောင်မှုများပေးခဲ့ကြ​ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်(တနင်္ဂနွ)အပတ်စဥ် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အရှင်ဣန္ဒ (ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်) ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ရွှေသဲကုန်းဓမ္မစကူးလ် (တနင်္ဂနွေ) အပတ်စဥ်ဗုဒ္ဓဘာသာသင်တန်းကို ဇွန် ၂၂ ရက်နေ့ နံနက်(၈)နာရီက ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ တပ်မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက်၊ သုံးထပ်ဘုန်းတော်ကြီးကျောင်းမြေကွက်၌ ယမန်နေ့ နံနက် ၈ နာရီက ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

တောင်ငူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် (abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ခ​​​ပေါင်းချောင်းရေကြီးရေလျှံမှု​ဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရေတွင်း၊ ရေကန်၊ အိမ်သာများအား ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး