ရေတာရှည်မြို့နယ်၌ ဆင်များထိန်းသိမ်းစောင့်ရှောက်ခြင်း (ဆင်အုပ်/ဆင်ခေါင်း) မွမ်းမံသင်တန်းအမှတ်စဉ် (၃၀) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဆင်များထိန်းသိမ်းစောင့်ရှောက်ခြင်း (ဆင်အုပ်/ဆင်ခေါင်း) မွမ်းမံသင်တန်းအမှတ်စဉ် (၃၀) သင်တန်းဆင်းပွဲအခမ်းအနားကို လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ် (၁) နန်ချွန်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။