ပဲခူးတိုင်းဒေသကြီး

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆)မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာများအား အခမဲ့ ကုသပေးခဲ့သည်။

ဒိုက်ဦးမြို့တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/နည်းဥပဒေအသိပညာပေးသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/နည်းဥပဒေအသိပညာပေးသင်တန်းကို ဩ ဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာ၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြော

ကျန်းမာရေးဝန်ကြီးဌာန၏ နည်းနာတစ်ရပ်ဖြစ်သော ကျေးလက်ဒေသအောက်ခြေထိ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါင်းတည်မြို့နယ် မြတ်စွယ်တော် ဗုဒ္ဓပူဇနိယ အပူဇော်ခံပွဲ၌ MSMEs ဒေသထွက်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြတ်စွယ်တော် ဗုဒ္ဓပူဇနိယ အပူဇော်ခံပွဲ၌ MSMEs ဒေသထွက်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်မြို့ ဘုရားကြီးလမ်းထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။

တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး မြေနိမ့်ပိုင်းရှိ ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယနေ့နံနက်ပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။

မိုးညိုမြို့နယ်၌ ရေဘေးနှင့်လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ စိုက်ထူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေ‌ဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ် အသိပညာပေးပိုစတာစိုက်ထူခြင်းကို ဩဂုတ် ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး လမ်းဆုံအနီးနှင့် ဆရာစံလမ်း၊ မြို့မဈေးအနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှ၌ လူကုန်ကူးမူတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အ‌ကြောင်း အသိပညာပေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက အ.ထ.က  မင်းလှ (မြို့ပြင်) ကျောင်း၌ ပြုလုပ်ခဲ့သည်။

ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ညောင်လေးပင်မြို့နယ်အတွင်းရှိ လူနာ(၁၆၈၆ )ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် (၈) နာရီအချိန်က ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၌ ရဟန်း၊ ရှင်၊ လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်စိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဒေသအတွင်း ငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ငါးသားပေါက်စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ဝါးရုံကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး