ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲပေးနည်း သရုပ်ပြပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့က နွယ်ခွေရပ်ကွက် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။