ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ်တွင် ပြည်သူများပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

ပေါင်းတည်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရပ်ရွာပြည်သူလူထုအတွင်း လိုက်လံဖြန့်ဝေခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့ ​မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၅-၂၀၂၆)ပညာသင်နှစ်  မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ သံပုရာသီးစိုက်ပျိုးသူများ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးသော သံပုရာသီးစိုက်ပျိုးခြင်းမှာ အထွက်နှုန်း​ကောင်း၍ စျေးကောင်း ရရှိကြောင်း သံပုရာသီးခြံပိုင်ရှင် တစ်ဦးထံမှသိရသည်။

ကြို့ပင်ကောက်မြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတက်စေရန်၊ အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က(မြောက်ပိုင်း)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ သီးနှံများ ဓာတုဓာတ်ကြွင်း ကင်းစင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သီးနှံများ ဓာတုဓာတ်ကြွင်း ကင်းစင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက မြေနံ့သာကျေးရွာ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အင်းမမြို့၊ အ.မ.က (အင်းမ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ဒီဇင်ဘာလ လူထုအားကစားပွဲနှင့် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ဒီဇင်ဘာလ လူထုအားကစားပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး