ပြည်မြို့နယ်၌ နိုင်ငံသားကတ်မရှိသေးသူများနှင့် ပျောက်ဆုံး/ပျက်စီးများအတွက် ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းအပြီး One Stop Service ဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ယမန်နေ့နံနက်ပိုင်းကစ၍ ခရိုင်မြေပြင်ကွင်းဆင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက မြို့နယ်အတွင်း နိုင်ငံသားကတ်မရှိသေးသူများနှင့် ပျောက်ဆုံး/ပျက်စီးများအတွက် ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းအပြီး One Stop Service ဆောင်ရွက်ပေးခဲ့သည်။