လပွတ္တာ (၃) မိုင်မြို့၊ ပြည်သူ့ဆေးရုံ၊ကျောက်ကပ်ဆေးစက်၊ဆိုလာနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊(၃) မိုင်မြို့ခုတင် (၂ဝဝ) ဆံ့ပြည်သူ့ဆေးရုံတွင် အသုံးပြုမည့် ကျောက်ကပ်ဆေးစက်နှင့် သွေးလှူဘဏ်ဌာနတွင်အသုံးပြုမည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။