ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ စာမေးပွဲ အကြိမ်(၅၀)မြောက် ရွှေရတုပွဲတော် ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၅၀)မြောက် ရွှေရတုပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေစာမေးပွဲတော်ကြီးအား ဖေဖော်ဝါရီ(၈)ရက်နေ့မှ (၁၂)ရက်နေ့ထိ ကျင်းပဆာင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် (၈)နာရီခွဲအချိန်၌ ဘိုကလေးမြို့၊ အောင်တော်မူဘုရားတန်ဆောင်းမုခ်ဦးဝတွင် ရွေရတုပွဲတော်အား ဖွင့်ပွဲကျင်းပဆောင်ရွက်သည်။

ညောင်တုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ စစ်ဆေးခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ စစ်ဆေးခြင်းနှင့် INSTALLATION လုပ်ငန်းများဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်(၈)နာရီ အချိန်က အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်း၌ ဆောင်ရွက်သည်။

ရွှေသောင်ယံမြို့ အ-ထ-က(အုန်းချောင်း)တွင် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့၊ အ-ထ-က(အုန်းချောင်း)တွင် ယနေ့နံနက်(၉)နာရီအချိန်က အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင်(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဇလွန်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရှိ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Pan Myat Hsu Co.,Ltd မှတာဝန်ယူဆောင်ရွက်သော “ပဆင - ညောင်ပင်စျေး - ကြပ်ကြီး - သရက်တပင် - ညောင်ကုန်းလမ်း” ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းအသီးသီးတွင် ကျောင်းသား/ ကျောင်းသူများအား “ဦးဌေးမြင့် ပညာသင်ဆု”ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ GLOBAL EARTH AGRO & AQUA INDUSTRY PUBLIC COMPANY LIMITEDမှ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံကျောင်းအသီးသီးတွင် တက်ရောက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား/ ကျောင်းသူများအား“ဦးဌေးမြင့် ပညာသင်ဆု”ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကုမ္ပဏီ၏ (GEAAI)ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာသင်ဆုချီးမြှင့်ခံရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့၌ အထ.က(၂) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ငွေရတု အထိမ်းအမှတ် (၂၅) ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်​တောင်ရပ်ကွက်၊ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏  ငွေရတုအထိမ်းအမှတ် (၂၅)ကြိမ်မြောက် ​မြတ်ဆရာပူဇော် ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုကျောင်း၌ ကျင်းပခဲ့ရာ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုအသက်(၂၅)နှစ်အောက်အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၆ခုနှစ် ကျောင်းကုန်းမြို့နယ်အား ကစားနှင့်ကာယပညာကော်မတီမှ ကျင်းပပြုလုပ်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မ အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ ၂း၃၀ နာရီအ ချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်ခရိုင်အတွင်း စားအုန်းဆီများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးညီညီအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်က မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တို့အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်သည့် ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လက်မှုကုန်ထုတ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ငါးသိုင်း‌ချောင်းမြို့အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး