ဧရာဝတီတိုင်းဒေသကြီး

ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်းတောရကျောင်းတွင် (သတ္တမအကြိမ်) ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား/သူများအား (သတ္တမအကြိမ်) အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် အ.မ.ကတောရ ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပညာရေးမှူးရုံးအစည်း‌အဝေးခန်းမ၌ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဗလငါးတန်အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတက်ရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့ ဇန်နဝါရီ(၁၈)ရက် နေ့လယ်(၂)နာရီ အချိန်၌ လူငယ်စကားဝိုင်းကျင်းပဆောင်ရွက်သည်။

ငပုတောမြို့နယ်တွင် ပိုးကရင်၊ စကောကရင် တိုင်းရင်းသားစာပေ အရည်အသွေးမြှင့် စာမေးပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပိုးကရင်၊ စကောကရင် တိုင်းရင်းသားစာပေ အရည်အသွေးမြှင့် စာမေးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဘိုကလေးမြစ်ရေပြင်တွင် ရာသီငါးဖြစ်သည့် ငါးသားလောက် ဖမ်းဆီးသူများပြား

မြန်မာလူမျိုးတို့ နှစ်သက်မြတ်နိုးကြသည့် ဟင်းလျာငါးဖြစ်သော ငါးသားလောက်အား ဆောင်းတွင်းရာသီ၌ လှိုင်လှိုင်ပေါလေ့ရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြစ်ရေပြင်တွင် ငါးသားလောက်ဖမ်းဆီးကြသည့် ရေလုပ်သားများအား ယခုအချိန်ဆောင်းရာသီ၌ အများအပြားတွေ့ရသည်။

ငပုတောမြို့နယ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျေးရွာခြင်းဆက်လမ်းသစ် တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ရွာသစ်ကုန်း - အနောက်ဇင်ပြွန်းကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်တွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ KG ကျောင်းသား/ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (ဆဌမ)အကြိမ် ကျောင်းတွင်းအာဟာရကျွေးခြင်းကို အေ(၉)လမ်း အ.မ.ကနှင့် ချမ်းမြေ့သာယာ အ.မ.က ကျောင်းတို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်၊ သံကြိုးကျေးရွာတွင်  (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဇန်နဝါရီနေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သံကြိုးကျေးရွာအုပ်စု၊ သံကြိုးကျေးရွာတွင်  (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အိမ်မဲမြို့နယ် အ-လ-ကရှမ်းကွင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လှည်းဆိပ်တူးမြောင်းကျေးရွာ၊ အ-လ-က ရှမ်းကွင်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ (၁၅)ရက် နေ့မွန်းလွဲ (၁)နာရီ အချိန်က ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး