ဖျာပုံမြို့၌အသက် (၂၃)နှစ်အောက် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အရ ဦးဆောင်ကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအသက် (၂၃) နှစ်အောက် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အားကစားခန်းမ၌ ကျင်းပကြသည်။