ကြံခင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော ပင်စင်စားများအား ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ဆန်၊ ဆီနှင့် ကြက်ဥများကို ယနေ့နံနက်(၈)နာရီအချိန်က ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။