ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။