ဧရာဝတီတိုင်းဒေသကြီး

ငပုတောမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။

​​​​​​​ကြံခင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်တိုးစေရေးအတွက် တောင်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ မိုးစပါးပန်တိုင်အထွက်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေးဟောပြောခြင်းနှင့် တောင်သူများထံသို့ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး)သမဝါယမအသင်း၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က (၁) ဇလွန်အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကျေးရွာအရောက် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးရွာအရောက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုကျေးရွာ၌ ကျင်းပခဲ့သည်။

မြောင်းမြမြို့တွင် စားအုန်းဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စားအုန်းဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်​ရေးအစီအစဥ်ဖြင့် ဆောင်ရွက်ခြင်းမရှိသော တောင်သူများအား ဓာတ်မြေသြဇာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဥ်ဖြင့် ဆောင်ရွက်ခြင်းမရှိသော တောင်သူများအား စျေးနှုန်းသက်သာသော သွင်းအားစု ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ၁၂ နာရီတွင် ကော့ကပ်ကျေးရွာအုပ်စု တောင်သူနည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ဖျာပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်လတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများ ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT) သင်တန်းပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT)သင်တန်း ပို့ချခြင်းကို ဩဂုတ်လ(၂၉)ရက်၊ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ကျုံပျော်ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ ဦးစွာ ပြိုင်ပွဲအား ကျုံပျော်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦး‌စောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ညီညီအောင်နှင့် အတွင်းရေးမှူး ရဲမှူးကြီး ခင်မောင်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး