ဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာများသို့ မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံစစ်ဆေးကြသည်။