ကန်ကြီးထောင့်မြို့နယ်၌ တလုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တလုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။