ဟင်္သာတမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းများနှင့် စိုက်ခင်းများသို့ ဩဂုတ်လ(၃၁)ရက်နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။