ဧရာဝတီတိုင်းဒေသကြီး

ဟင်္သာတမြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ခြင်း၊ ရှင်းလင်းဟောပြောပွဲနှင့်ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ငါးဖယ်ထူ (မ)ကျေးရွာတွင် ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ခြင်းရှင်းလင်းဟောပြောခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင် (Community Centre) ခန်းမတွင် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်းထူးချွန် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က(၁)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်Grade (10) လူရည်ချွန် မောင်ကောင်းဇေသန့်အား ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း၊ ရာပြည့်ခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့နယ် ဂွေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ  အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက ဂွေးကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ပေါ်ရပ်ကွက်များ နှင့်မြို့မ ဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက် ဆက်လက်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့လည်ကျောင်းတိုက် တန်ဆောင်းတော်ကြီး၌ သက်သာသောဈေးနှုန်းဖြင့်  ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ‌ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ထုတ်ပေးနိုင်ရေး စိစစ်ခြင်းအား ယနေ့နံနက်က ဧရာသီရိသုခခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ဇီဖြူကုန်းကျေးရွာတွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူကျွဲ‌သောင်ကျေးရွာအုပ်စု၊ ဇီးဖြုကုန်းကျေး၊ ဘုန်ကြီး‌ကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး