လပွတ္တာခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင် ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးစီး၍ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ အိမ်ထောင်သည်မိသားစုဝင်ရဲမေများမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။