ဘိုကလေးမြို့နယ်တွင် အခြေခံကျောင်းများသို့ကွင်းဆင်း၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးများထိုးနှံ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက်(၉)နာရီ၌ စတင်ကွင်းဆင်း၍ ကျောင်းသား/သူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။