ကြံခင်းမြို့နယ်၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် စားသုံးဆီများသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ရောက်ရှိနေကြသော နေရပ်စွန့်ခွာပြည်သူများအား အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ပြုလုပ်ခဲ့သည်။