အိမ်မဲမြို့တွင် နွေရာသီအားကစားအခြေခံသင်တန်းများဖွင့်လှစ်သင်ကြား
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့တွင်လည်း ဆက်လက်သင်ကြားလျက်ရှိသည်။