စဉ့်ကိုင်မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် အတူနေမိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၅ခုနှစ်၊ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲ ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီ မီးသွေးဘုတ်ကျေးရွာအုပ်စုရှိ အမှတ် (၂) လေကြောင်းရန်ကာကွယ်ရေး သတိပေးတပ်ရင်းခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြူ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)လေကြောင်းရန် ကာကွယ်ရေး သတိပေးတပ်ရင်း၊ အမှတ်(၃၀၂၅) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း၊ အမှတ်(၇) လေကြောင်းရန်ကာကွယ်ရေး အလုပ်ရုံတပ်ရင်းတို့မှ တပ်မတော်သားများနှင့်အတူနေ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။