ပြည်ကြီးတံခွန်မြို့နယ် ရွှေထွန်းကုမ္ပဏီ၌ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ၁၃၀ × ၁၃၁ လမ်း၊ ရွှေထွန်းကုမ္ပဏီ၌ ဒီဇင်ဘာ ၁၂ နံနက် ၁၁ နာရီက အလုပ်သမားဝန်ကြီးဌာန၊ လူမှူဖူလုံရေး အဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။