မြစ်သားမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများကျန်းမာရေးနှင့်အညီနေထိုင်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘူတာရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။