မန္တလေးတိုင်းဒေသကြီး

ကျိုက္ခမီမြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့၊ ကျိုက္ခမီနယ်မြေရဲစခန်းမှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ မြစိမ်းရောင်ဓမ္မာရုံ၌ ဆောင်ရွက်သည်။

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်နှစ်လုံး ၁၀၀ ကျပ် အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် သီးနှံ‌ပေါ်ချိန်တွင်ချေးငွေများ ပြန်လည်ပေးဆပ်ရန် စည်းကမ်းချက်နှင့်အညီ ထုတ်‌ချေးပေးခြင်းကို မေ ၁၅ ရက်နေ့မှစတင်၍ စက်တင်ဘာလကုန်အထိ အဆိုပါဘဏ်ခွဲ၌ တစ်မြို့နယ်လုံးအတွက် ထုတ်ချေး‌ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၈ လမ်း၊ ၆၂×၆၃ လမ်းကြားရှိ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးအတွင်း နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်က ဆောင်ရွက်သည်။

ညောင်ဦးမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်သုံးမီတာများတပ်ဆင်ပေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၏ လမ်းညွှန်မှု ညွှန်ကြားမှုများနှင့်အတူ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးသုံးလိုသူ ပြည်သူလူထုမှလျှောက်ထားလာသည့် သတ်မှတ်ချက်နှင့် ပြည့်စုံသောအိမ်သုံးမီတာနှင့် ပါဝါမီတာများကို ဌာန၏စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်သုံးလျှပ်စစ်မီတာများ တပ်ဆင်ပေးလျှက်သော ရပ်ကွက်၊ ကျေးရွာများသို့ မေ ၁၆ ရက်၊ နံနက် ၈ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေရာနှင့်အဖွဲ့ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်၌အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် ဖြင့် ၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူစိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက် နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက် နှုန်းရရှိစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိစေ‌ရေး တောင်သူစိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သစ်တက္ကုန်းကျေးရွာ၊ အုပ်ချုပ် ရေး‌မှူးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(၁၀)ဦးဖြင့် (အခမဲ့) နယ်လှည့် ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျောက်ဆည် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (၁၀) ဦးဖြင့် (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်ကစတင်၍ ရွာခိုင်ကြီးကျေးရွာအုပ်စု တိုက်နယ်ဆေးရုံအတွင်း၌ လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကဖြူကျေးရွာအုပ်စု သပြေပင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့၌ “လမင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းခရိုင်၊ရမည်းသင်းမြို့နယ်ရုံးတွင် ယနေ့နံနက် ၁၁နာရီခွဲက အစိုးရ၏ ရက်(၁၀၀) “လမင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အမရပူရမြို့နယ်ဘဏ်ခွဲ၌ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌  ရက်(၁၀၀)စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်  အမရပူရမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မေ ၁၄ ရက်နံနက် ၁၀ နာရီ က ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

မြင်းခြံမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှု ဆေးပေးခန်းကို ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁၂) ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူဘုရားတွင် ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး