မန္တလေးတိုင်းဒေသကြီး

ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ဆေးဝါးသိပ္ပံပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ဆေးဝါးသိပ္ပံပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း  မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အဆိုပါတက္ကသိုလ် ရှိဘက်စုံသုံးခန်းမဆောင်တွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ‌ဆရာမများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ပထမနှစ်သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို “ဂုဏ်ယူဝင့်ကြွား တို့ဆေးဝါး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။

သာစည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် နွေစပါးစံပြကွက် စိုက်ပျိုးမည့်နေရာတို့အား ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် နွေစပါးစံပြကွက် စိုက်ပျိုးမည့်နေရာတို့အား ဇန်နဝါရီ ၁၆ ရက်က ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ဇေယျာသီရိ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း၌ ယနေ့မွန်းလွှဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် လမ်းမကြီးဘေးတစ်ဖက်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့သာယာလှပရေးအတွက် ရေဆိုးထုတ် အုတ်ရေမြောင်းများ တူးဖော်ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် လမ်းမကြီးဘေးတစ်ဖက်တွင် မိုးရာသီကာလအတွင်း ရေကြီး၊ ရေလျှံမှုများမဖြစ် ပေါ်စေရန်နှင့် ရေမြောင်းပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ်အုတ်‌ရေ မြောင်းများတည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် (အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ၊ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် (အမျိုးသား၊ အမျိုးသမီး) ရေကူးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် ဒုတိယ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမရပူရမြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်း၊  အားကစားနှင့်ကာယပညာဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်း၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။

ဆေးဝါးတက္ကသိုလ်(မန္တလေး)၊ ဆေးဝါးသိပ္ပံပညာပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဘက်စုံခန်းမတွင် ယနေ့နံနက်  ၉ နာရီအချိန်က ၁၁/ ၂၀၂၄ ဆေးဝါးသိပ္ပံပညာ ပထမနှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် ဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် မိုးသောက်ပန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မိုးသောက်ပန်းအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးနည်းပညာ တက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

မန္တလေးနည်းပညာတက္ကသိုလ်၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သော ဝန်ထမ်းများဖြင့်ဖွဲ့စည်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး