မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ခြင်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ခြင်းများကို ဝန်ဇင်းရပ်ကွက်ရှိ ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(၂)ရုံး စက်မှုအလုပ်ရုံအဆင့်(ခ) စက်မှု တိုင်း(၄) ရုံးတွင်ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ဆန်း၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။