မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ယမန်နေ့နံနက်ပိုင်းက  ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းဗီဒီယိုမှတ်တမ်းများ ရိုက်ကူးတည်းဖြတ်တတ်စေရန်ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ညောင်ဦးခရိုင်တွင် ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်  ထူးချွန်သင်တန်းသားများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကျင်းပ

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေးစီမံကိန်းအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ အချိန်တွင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အနော်ရထာခန်းမ၌ လူငယ်များအလုပ်အကိုင်အခွင့် အလမ်းဖန်တီးရေးဆောင်ရွက်မည့်လုပ်ငန်းဖြစ်သည့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေခံမော်‌တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားပြုကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် စားဖိုဆောင်သုံး ခရမ်းသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြေစိုပါယ်ကျေးရွာတွင်စိုက်ပျိုးထားသော စားဖိုဆောင်သုံး ခရမ်းသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီး မြို့မဈေး၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့မဈေးအတွင်း ယနေ့နံနက် ၁၀ နာရီခွဲက မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အဖွဲ့ဝင် (၂) ဦးညွန့်ဆန်း နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်းနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သန္ဓေ (၁၅) ဦး၊ အရန် (၆၀) ဦး၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ချမ်းမြသာစည်မြို့နယ် သူရိန်နန်းကိုယ်ပိုင် အထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတ ရရှိပြီးနိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနသည် အခြေခံပညာပညာ‌ကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ ဟောပြောပွဲများကို ကျင်းပ‌ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူရိန်နန်း ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အောင်ဇေယျာ) တွင် စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အောင်ဇေယျာ)တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် Knowledge Morality & Confidence Private Hight School Mandalay (KMC) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲကျင်းပသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက် ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းပညာ အထောက်အကူပြု ဆပ်ပြာဆီအမျိုးမျိုးနှင့် ခေါင်းလျှော်ရည်အမျိုးမျိုးပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအ‌ဆင်ပြေစေရန်၊ တစ်ဘက်တစ်လမ်းမှ မိသားစု ဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေစေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန် ရည်ရွယ်ကာ ဆပ်ပြာဆီအမျိုးမျိုးနှင့် ခေါင်းလျှော် ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို အုန်းလက်ကောက်ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး