မန္တလေးတိုင်းဒေသကြီး

ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ်(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ ခင်ဆွေဦး၏ “အင်ကြင်းရဂုံ” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးဌာနကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မူ၊ မီးလန့်မူမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့နံနက် (၉)နာရီက ရမည်းသင်းမြို့ မြို့မရပ်ကွက်ကြီး၊ ပန်းတိမ်ရပ်ကွက်အတွင်းကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရမည်းသင်းမြို့ သိမ်းကုန်းအခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ဝမ်းတွင်းမြို့ပေါ်ရပ်ကွက်များရှိလူနေအိမ်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က ၃၉ ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ-ထ-က -၃၉ ကျောင်းခန်းမ၌ ကျင်းပသည်။

အမရပူရမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးပွဲပြုလုပ်

 အမရပူရခရိုင်၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က Woman Club နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကိုပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆောင်းကုလားပဲ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်ဒေသနှင့်ကိုက်ညီသည့် ဆောင်းကုလားပဲမျိုးများ ပြောင်း လဲစိုက်ပျိုးလျက်ရှိကြောင်းနှင့် အနောက်ရွာတော်ကျေးရွာမှ တောင်သူဦးကုလား စိုက်ပျိုးထားသော ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး