မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်၊ မြေနီကုန်းကျေးရွာ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မေလ ၁၉ ရက်၊ မွန်းလွဲနာရီခွဲက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

နွားထိုးကြီးမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ်အသိပညာပေး

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် လုံခြုံအေးချမ်းစွာပညာသင်ကြားနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ မိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူများကို မေ  ၂၅ ရက်မှ   ၃၁  ရက်အတွင်း ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ​နေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မွေးမြူ‌ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မွေးမြူ‌ရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို မေ ၁၉ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန(community Centre)ခန်းမ၌ ကျင်းပသည်။

တောင်သာမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်အသိပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေမြဲဖို့ မိဘပြည်သူအားလုံး ပူးပေါင်းပါဝင်ကြပါစို့ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲက လူစည်ကားရာ နေရာများတွင် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေး 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်ဦးလွင်မြို့နယ်ရှိ လူစည်ကားရာနေရာတစ်ခုဖြစ်သော ရပ်ကွက်ကြီး(၂)၊ သုမင်္ဂလာ‌ဈေးကြီးမီးပွိုင့်၌ လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးသည်။

မိတ္ထီလာမြို့၌ ၂ဝ၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း(၁ဝဝ)စီမံချက်တွင် ပါဝင်သော  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲ၏ ၂ဝ၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင်  ရက် (၁၀၀) စီမံချက်ဖြင့် တောင်သူများအား၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြင်ဦးလွင်ခရိုင်ဘဏ်ခွဲ ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူများ အား ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။  

စဉ့်ကူးမြို့၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်အတွက် စာအုပ်စာစောင်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်လှူဒါန်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ငါန်းဇွန်မြို့၌ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့မစည်ပင်သာယာဈေးအတွင်း/ အပြင်ပတ်ဝန်းကျင်တွင်လည်း ကောင်း၊ မြို့မရဲစခန်းရှေ့ လမ်းဆုံတွင်လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇နာရီက မန္တလေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး