မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက် သရိုက်၊ ဆယ်ယူရှင်းလင်းခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက် (၆) ကွက်တို့တွင် အဓိကကျသည့် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းလုပ်သားများဖြင့်နေ့စဥ် ရေနှုတ်မြောင်းများအတွင်းမှ အမှိုက်သရိုက်၊ ဆယ်ယူရှင်းလင်းခြင်းကို စီမံချက်ချမှတ်၍ ရပ်ကွက်အစဥ်အလိုက် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ကြပြီး မြို့နယ်တာ ဝန်ခံအရာရှိများကကြီးကြပ်ကာ ဝန်ထမ်းများနှင့် စက်ယန္တရားများ အသုံးပြု၍ လုပ်ငန်းတာဝန်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် G-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် G-9 စာမေးပွဲများ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံ ပညာအလယ်တန်းအဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ မြန်မာဘာသာရပ်ကို၊ မတ်လ (၃) ရက်နေ့ နံနက် (၉) နာရီမှ စတင်၍ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် စတင်ဖြေဆိုနေကြပြီဖြစ်သည်။

ညောင်ဦးခရိုင်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၂၃၉၂) ဦး ဝင်ရောက်ဖြေဆိုမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၃၉၂ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်

ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက် (၉)နာရီက၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက၊ မြို့မရပ်ကွက်၊ အမှတ်(၁၀)နယ်မြေ ဓမ္မာရုံတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်မှ မိသားစုတစ်ပိုင်တစ်နိုင်  ဒိန်ချဉ်လုပ်ငန်း

မေး-    အမည်လေးနဲ့ အခြေခံစားသောက်ကုန်လုပ်ငန်းလေးစတင် တည်ထောင်ဖြစ်ပုံလေး ပြောပြပါဦး။ ဖြေ-    ကျွန်တော်အမည်ကတော့ ဦးဇွန်ကိုဦးဖြစ်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရဖို့ လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းချက်စရာတွေနဲ့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ မုန့်မျိုးစုံကို အိမ်နဲ့တွဲပြီးဖွင့်လှစ်ရောင်းချကြောင်း၊ ၂၀၁၀ ခုနှစ်ရောက်တဲ့အခါ မှာတော့ ဝင်ငွေပိုမိုရရှိရေး ဒိန်ချဉ်ပြုလုပ်တဲ့ နည်းပညာများကို လေ့လာသင်ယူပြီး နွားနို့စိမ်း၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေပြုလုပ်ကာ စတင်ရောင်းချဖြစ်ပါတယ် အထိုက်အလျောက်တော့ အောင်မြင်မှုရပါတယ်။

ညောင်ဦးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာစာမေးပွဲ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ဧက သတ်မှတ်လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ပြီး စိုက်ပျိူးထားသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ဧကများ သတ်မှတ်လျာထား စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးထားသည့် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံ (၅၃၁၈၁)ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး နွေ၊ မိုး၊ ဆောင်းရာသီများတွင် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံပေါင်း (၅၃၁၈၁)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံပညာမူလတန်းအဆင့် (Grad-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများတွင် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများကို မတ်လ ၃ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မတ်လ (၃) ရက်နေ့ နေ့နံနက်ပိုင်းက စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီများမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး