မန္တလေးတိုင်းဒေသကြီး

ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၀၀ ပိဿာနှင့် အခြေခံစားသောက်ကုန်များအား နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၌  ပြည်သူ့သက်သာဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၀၀ ပိဿာနှင့် အခြေခံစားသောက်ကုန်များအား ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယနေ့နံနက် ၈ နာရီက ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ငါးနှင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ၂၀၂၆ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ရေရှိရရေး နည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေး နည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူ ၁,၆၇၃ ဦး အေးချမ်းစွာ ဖြေဆိုနေမှုအား လိုက်လံကြည်ရှုစစ်ဆေး

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်းရှိ စာစစ်ဌာနသုံးခု၌ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ ၁,၆၇၃ ဦး အေးချမ်းစွာဖြင့် ဖြေဆိုနေမှုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁) နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း (၁၄၀ပေ×၃၀ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

(၈၁) နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း (၁၄၀ ပေ × ၃၀ ပေ) RCCသုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ပန်းချီရေးဆွဲတတ်စေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skillသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် Soft Skillသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဖြစ်သော Green Challenge Association မှ ဦးအောင်မျိုးပိုင်( Human Resource Management Consultant)က သင်တန်းနှင့်ပတ်သက်သော သုံးသပ်ချက်များအား ရှင်းလင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများအား လှည့်လည်ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းသည် တံတားဦးမြို့နယ်တွင် ကျင်းပလျက်ရှိသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတတိယနေ့ သင်္ချာဘာသာအေးချမ်းစွာဖြေဆိုနေကြသည့် ကျောင်းသား/သူများအား လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် ကျောင်းသား၊ကျောင်းသူများ အသိဉာဏ်ပညာတိုးပွားစေရန်ရည်ရွယ်၍ မတ် ၁၂ ရက် နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး