မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများ ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအား ယနေ့နံနက်ပိုင်းက ဖောင်ရွာရပ်ကွက်ရှိ ဝေဘူချောင်တွင်ယာယီမေတ္တာ ကွန်းခိုရာနေရာ(၂)ကိုဖွင့်လှစ်ထားပြီး  ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

အမရပူရမြို့နယ်၊ ဘနောကျေးရွာအုပ်စု၊ ဘနောကျေးရွာ လျပ်စစ်မြစ်ရေတင်ဧရိယာအတွင်းရှိ တောင်သူ ဦးသက်ခိုင်၊ ကွင်းအမှတ် ၆၅၀ ဦးပိုင်အမှတ် ၁၇၀ တွင် ယမန်နေ့က စက်မှုလယ်ယာကောက်စိုက်စက်ဖြင့် ရွှေသွယ်ရင်စပါးမျိုးစိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် စားသောက်ဖွယ်ရာပစ္စည်းများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရေး သောက်သုံးရေများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပြည်သူများသောက်သုံးဖူလုံစေရန် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေများ အခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား လိုက်လံကြည့်ရှု၊ ဆရာတော်၊သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော ချမ်းမြသာစည်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိစေတီ၊ပုထိုး၊ သာသနိကအဆောက်အအုံအပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်အစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းထောင်မှ အကျဉ်းသား(၆၃)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၁/၂၀၂၅) အရ ယမန်နေ့  မြန်မာ့နှစ်သစ်မင်္ဂလာအခါသမရ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်သိရှိစေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂)ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ ဘယ်လင်းအမှတ်(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၁)ဦးနှင့် ဘယ်လင်းအမှတ်(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၂)ဦး စုစုပေါင်းအကျဉ်းသား(၆၃)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က ရာဇဝတ်ကျင့်ထုံး စည်းကမ်းချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၇-၄-၂ဝ၂၅ ရက်စွဲပါ အမိန့်အမှတ်၊ ၃၀/၂၀၂၅ အရ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေး ချမ်းစေရေးနှင့်လူမှုရေးအရငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည် စေရန်ရှေ့ရှုသောအားဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ

ချမ်းအေးသာစံမြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၅) ရက် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအချိန်အခါသမယတွင် ချမ်းအေးသာစံမြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန်အတွက် ပရိတ်တရားတော်များကို ယမန်နေ့ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် အိမ်တော်ရာဘုရားဝင်းအတွင်းမှ စတင်၍ သံဃာတော် (၁၀) ပါးမှ ပရိတ်တရားတော်များ စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခု၊ မြန်မာနှစ်ဆန်း (၁) ရက်၊ ယမန်နေ့၊ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အန္တရာယ်ကင်းပရိတ်တရားတော်လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဧပြီလ ၁၇ရက် ညနေပိုင်းက မြို့ပေါ်ရပ်ကွက် များအတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး