ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်လည်ကျင်းပသွားမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်လည်ကျင်းပသွားမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို၊ ဇွန်လ(၁၃)ရက်နေ့ နံနက် (၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများနှင့် ခေတ္တမြို့နယ်ပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။