မိတ္ထီလာခရိုင်တွင် နွေစပါး မျိူးစေ့ထုတ်စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါး (အစို) တင်း ၁၅၀ကျော် ထွက်ရှိ
မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ တောင်သူ ဦးထွန်းဝင်း၏ လယ်ငါးဧကရှိ ( GW-11) မျိူး နွေစပါးစံကွက်ကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါး (အစို) ၁၅၃ ဒသမ ၁၂တင်း ထွက်ရှိကြောင်း သိရသည်။