ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး၌ Popa Jungle Trail Run 2025 ပြိုင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ ပုပ္ပားတောင်မကြီးပေါ်နှင့်တောင်မကြီးတောင်ဘက်ခြမ်းတွင် Popa Jungle Trail Run 2025 ပြိုင်ပွဲ ကျင်းပခြင်းအား ယမန်နေ့ နံနက် ၅ နာရီမှစတင်၍ ခရီးကြမ်းအပြေးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။